သက်သာလောနိတ်/ဩဝါဒစာ ဒုတိယစောင်
ရှင်ပေါလု/၏ နှုတ်ခွန်းဆက်/စကား
1
ကျွန်ုပ်/ပေါလု စာရေးလိုက်ပါ၏။ ဤ/စာ/သည် ကျွန်ုပ်/ပေါလု၊ သိလွာနု/နှင့် တိမောသေ/တို့/က
ကျွန်ုပ်တို့/၏ အဖ/ဘုရားသခင်/နှင့် သခင်/ယေရှု/ခရစ်တော်/တို့/ကို ယုံကြည်ကြသော သက်သာလောနိတ်/မြို့သားတို့/၏ အသင်းတော်/ထံသို့ ပို့လိုက်သော/စာ ဖြစ်၏။
2 ကျွန်ုပ်တို့/၏ အဖ/ဘုရားသခင်/နှင့် သခင်/ယေရှု/ခရစ်တော်/တို့/ထံမှ ကျေးဇူးတော်/နှင့် ငြိမ်းချမ်းခြင်း/သည် သင်တို့/အပေါ် သက်ရောက်ပါစေသော။
ညှဉ်းပန်းနှိပ်စက်/ခံရ/စဉ် အားပေးတိုက်တွန်းခြင်း
3 ညီအစ်ကို/မောင်နှမတို့… ကျွန်ုပ်တို့/သည် ပြုသင့်သည့်/အတိုင်း သင်တို့/အတွက် ဘုရားသခင်/ကို အစဉ်/ကျေးဇူးတင်ကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့/၏/ယုံကြည်ခြင်း/သည် အလွန်/တိုးပွား/ကာ အချင်းချင်း/အပေါ် ထားသော ချစ်ခြင်းမေတ္တာ/သည်လည်း ပွားများလာ/သောကြောင့် ဖြစ်၏။ 4 ထို့ကြောင့် သင်တို့/သည် ညှဉ်းပန်းနှိပ်စက်ခြင်း/နှင့် ဆင်းရဲဒုက္ခ/အားလုံး/ကြားက/ပင် သည်းခံ/၍ ယုံကြည်/သဖြင့် ဘုရားသခင်/၏ အသင်းတော်များ/အလယ်/၌ သင်တို့/အကြောင်း ကျွန်ုပ်တို့/ကိုယ်တိုင် ဂုဏ်ယူ/ဝင့်ကြွားကြ၏။
5 ဤ/အရာ/သည် ဘုရားသခင်/၏ တရားစီရင်တော်မူခြင်း/က တရားမျှတကြောင်း ပေါ်လွင်သည့် အထောက်အထား/ဖြစ်ပြီး ထိုသို့ ဘုရားသခင်/၏ နိုင်ငံတော်/အတွက် ဆင်းရဲ/ဒုက္ခ/ခံရ/သောကြောင့် ထို/နိုင်ငံတော်/နှင့် ထိုက်တန်သည်/ဟု သတ်မှတ်ခံရ/ရန် ရည်ရွယ်၏။ 6 ဘုရားသခင်/သည် တရားမျှတ/စွာ စီရင်တော်မူသည်/နှင့်အညီ သင်တို့/ကို ဆင်းရဲ/ဒုက္ခရောက်စေသော/သူတို့/ကို တန်ပြန် ဆင်းရဲ/ဒုက္ခရောက်စေတော်မူ/လိမ့်မည်။ 7 ဆင်းရဲ/ဒုက္ခရောက်/နေသော သင်တို့/နှင့်အတူ ကျွန်ုပ်တို့/ကိုလည်း စိတ်သက်သာရာ/ရစေတော်မူ/လိမ့်မည်။ သခင်/ယေရှု/သည် မီးလျှံ/ကြား/က တန်ခိုးကြီးသော ကောင်းကင်တမန်များ/ခြံရံ/လျက် ကောင်းကင်ဘုံ/မှ ပေါ်ထွက်လာ/သောအခါ 8 ဘုရားသခင်/ကို မသိသော/သူတို့/နှင့် ကျွန်ုပ်တို့/သခင်/ယေရှု/၏ သတင်းကောင်း/ကို မလိုက်နာသော/သူတို့/ကို စီရင်တော်မူ/လိမ့်မည်။ 9 ထို/သူတို့/သည် သခင်ဘုရား/ရှေ့တော်/မှ/လည်းကောင်း၊ သခင်ဘုရား/၏ ဘုန်းတန်ခိုးတော်/ကို ခံစားရခြင်း/မှ/လည်းကောင်း ဖယ်ရှား/ခံရ/ကာ ထာဝရ/ပျက်စီးမည့် ပြစ်ဒဏ်/ကို ခံကြရ/လိမ့်မည်။ 10 ကြွလာတော်မူသော/နေ့/၌ ကိုယ်တော်/သည် ယုံကြည်သူတို့/အတွက် ပြုသော/အမှု/ကြောင့် ယုံကြည်သောသူ/အားလုံး/အလယ်/၌ ဘုန်းထင်ရှား/၍ အံ့အားသင့်/ခံရ/လိမ့်မည်။ သင်တို့/သည် ထို/အရှင်/အကြောင်း ကျွန်ုပ်တို့/၏ သက်သေခံချက်/ကို ယုံကြည်/သဖြင့် ထို/သူတို့/အထဲ/တွင် ပါဝင်ကြ၏။
11 ထို့ကြောင့် ကျွန်ုပ်တို့/ဘုရားသခင်/သည် သင်တို့/ကို ခေါ်တော်မူခြင်း/နှင့် ထိုက်တန်သူများ/ဖြစ်စေတော်မူ/ရန် သင်တို့/အတွက် ကျွန်ုပ်တို့/အစဉ် ဆုတောင်းကြ၏။ သင်တို့/သည် ကိုယ်တော်/၏ တန်ခိုးတော်/ကြောင့် ကောင်းမှု/ပြုလိုသော/ဆန္ဒ/နှင့် ယုံကြည်ခြင်း/က လှုံ့ဆော်သော/အမှု/ကို ပြီးမြောက်/စေတော်မူ/ရန် ကျွန်ုပ်တို့/ဆုတောင်း၏။ 12 ဤသို့/ဆုတောင်းခြင်း/က ကျွန်ုပ်တို့ ဘုရားသခင်/နှင့် သခင်/ယေရှု/ခရစ်တော်/၏ ကျေးဇူးတော်/ဖြင့် ကျွန်ုပ်တို့/သခင်/ယေရှု/၏ အမည်/နာမတော်/သည် သင်တို့/နေထိုင်/ပြုမူပုံ/ကြောင့် ဘုန်းထင်ရှား/လျက် သင်တို့/သည်လည်း ကိုယ်တော်/အားဖြင့် ဘုန်းထင်ရှားကြ/ရန် ဖြစ်၏။